မေတာ:ဘက်ဘေလုံ

This page is a translated version of the page Meta:Babylon and the translation is 100% complete.
Other languages:
Globe of letters.png
ဘက်ဘေလုံ
ဝီကီမီဒီယာ ဘာသာပြန်များ၏ မုဒ်ဦး/ကြော်ငြာသင်ပုန်း
ဘက်ဘေလုံ သည် မေတာ ဘာသာပြန်ဆိုခြင်းများဆိုင်ရာ မုဒ်ဦးနှင့် အသိပေးကြေညာချက် ထုတ်ပြန်ရာ နေရာဖြစ်သည်။ ဘာသာပြန်များနှင့် ပတ်သက်၍ အထွေထွေဆွေးနွေးမှုများအတွက် ဆွေးနွေးချက် စာမျက်နှာကို ကြည့်ပါ။

ပြောဆိုဆက်သွယ်မှုများ

  • ဘက်ဘေလုံဟောပြောပွဲစာမျက်နှာ
    ဘာသာပြန်ဆိုမှုများနှင့် ပတ်သက်၍ သင်မေးမြန်းလိုသော မေးခွန်းများ၊ သံသယဖြစ်ဖွယ်ရာများ၊ အဆိုပြုချက်များနှင့် အခြားသော အကြောင်းအရာများရှိပါက ဤစာမျက်နှာ၌ ရေးသားပေးပါ။
  • ဘာသာပြန်များ ပေးစာ စာရင်း
    တရားဝင် ဝီကီမီဒီယာ ဘာသာပြန်များ၏ ပေးစာ စာရင်း။ လက်မှတ်ရေးထိုး၍ မှတ်ပုံတင်ပါ!
  • #ဝီကီမီဒီယာ-ဘာသာပြန်ဆိုခြင်းconnect
    တရားဝင် ဘာသာပြန်များ၏ IRC ချန်နယ်၊ သင့်အနေဖြင့် စကားပြောဆိုလိုလျှင် သို့မဟုတ် တောင်းဆိုမှု အသစ်များ ထပ်တိုး ပြုလုပ်လိုလျှင် အကူအညီလိုအပ်ပါက ကျွန်ုပ်တို့ထံ လာလည်ပါ။
  • ဘာသာပြန်များ သတင်းလွှာ
    မေးလ်စာရင်းသို့ အစားထိုးခြင်း၊ ဝီကီသတင်းလွှာဖြင့် သင့်အား အကြောင်းကြားစာ ပေးပို့လိမ့်မည်။

စနစ်သစ်(ဘာသာပြန်ဆိုမှု ထပ်ဆောင်းအကူအညီကို ကြည့်ပါ)ဖြင့် မေတာ-ဝီကီ၌ တောင်းဆိုထားသည့် အလုံးစုံသော ဘာသာပြန်ဆိုချက်များအား ပဥ္စလက်ဆန်ဆန် အလိုအလျောက် ပြုစုထားသော စာရင်း။

တိုက်ရိုက်လင့်များ:

ဘာသာပြန် အဖြစ် မှတ်ပုံတင်ခြင်း

ဝီကီမီဒီယာ ပရောဂျက်များမှ ဘာသာပြန်ဆိုမှု ကိစ္စရပ်များ

တစ်ပတ်တာအတွက် ဘာသာပြန်ဆိုမှု

မေတာ-ဝီကီတွင် အပတ်စဉ်အလိုက် ဘာသာပြန်ဆိုခြင်း ပရောဂျက်မှာ ဝီကီပီးဒီးယား တွင် မရှိသေးသည့် ဆောင်းပါးများအား ဘာသာပြန်ဆို၍ ထည့်သွင်းရန် ဖြစ်ပါသည်။

ဝီကီသတ်ပုံ

ဘာသာပြန်များအနေဖြင့် မိမိအတွက် ;-) ဖြစ်ပြီဟု မှတ်ယူထားသော အသိနှင့် ဆန့်ကျင်နေသော ကိစ္စရပ်တိုင်းအား ဘာသာပြန်ဆိုရန် မသင့်ပါ။ ထို့ကြောင့် သင့်လျော်သော နာမ်များနှင့် ဒေသိယအမည်များ၏ သတ်ပုံ မှားယွင်းမှုများမှ ရှောင်ရှားနိုင်ရန်အတွက် ဝီကီသတ်ပုံအား ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။ ဝီကီသတ်ပုံသည် ဘာသာပြန်-ဝီကီဖြစ်ပြီး ဘာသာစကားစုံ ပရောဂျက်လည်း ဖြစ်ပါသည်။ သင် တတ်ကျွမ်းသော ဘာသာစကားထဲတွင် ဘာသာပြန်ဆိုချက်များအား စစ်ဆေးပြီး ဝီကီသတ်ပုံသို့ ထင်မြင်ယူဆချက် စာတိုများ ပေးပို့ခြင်းဖြင့် ကျေးဇူးပြု၍ ကူညီပေးပါ။ လွပ်လပ်စွာ ပါဝင် ထိတွေ့လိုက်ပါ !

ဝစ်ရှင်နာရီ စာမျက်နှာများ၏ စာလုံးအကြီးသုံးစွဲခြင်း

ဘာသာစကားများ၌ စာလုံးအကြီးသုံးစွဲခြင်း နှင့်ပတ်သက်၍ မတူညီသော စည်းမျဉ်းများရှိသည်။ ဥပမာအားဖြင့် အင်္ဂလိပ်ဘာသာစကားတွင် လ အမည်များနှင့် အလုပ်အကိုင် အမည် အများစု၏ စာလုံးများသည် အမြဲတမ်းစာလုံးအကြီးများသာ ဖြစ်သော်လည်း ပြင်သစ်ဘာသာတွင်မူ ထိုကဲ့သို့မဟုတ်ပါ။ ဝစ်ရှင်နရီ ပရောဂျက်အများစုတွင် စာလုံးအကြီးများနှင့် စာလုံးအသေးများအကြား ဒွိဟဖြစ်မှုများသည် ယနေ့ခေတ်၌ များစွာဖြစ်ပေါ်နေပါသည်။ ဘာသာစကားတစ်ခုချင်းစီတိုင်း၏ စာလုံးအကြီးသုံးစွဲမှုနှင့် ပတ်သက်သော စည်းမျဉ်းများအား ဝစ်ရှင်နာရီမှ သိရန်လိုအပ်ပါသည်။ ကျေးဇူးပြု၍ စာလုံးအကြီးသုံးစွဲမှုဆိုင်ရာ ဇယားကားချပ်အား ပြည်စုံမှုရှိစေရန် ကူညီဖြည့်စွက်ပေးပါ !

ဝီကီပရောဂျက် ဘာသာပြန်ဆိုခြင်း ဝီကီရင်းမြစ် တွင်

အမျိုးမျိုးသောဝီကီဆော့လ် ဘာသာစကားဝီကီများအကြား ဘာသာပြန်အဟောင်းများ စုဆောင်းခြင်းနှင့် မည်သည့် အခါကမျှပြန်ပြောင်းဖူးခြင်း သို့မဟုတ် မူပိုင်ခွင့်ဖြင့်ပြန်ဆိုထားသေ များမှအရင်းအမြစ်စာသားများအတွက် အသစ်များ ဖန်တီးရန်ညှိနှိုင်းဆောင်ရွက်မှု တစ်ခု၊ အင်္ဂလိပ်ဝီကီဆော့လ်တွင်တင်ထားနိင်သည်။

ဒေသန္တရဆိုင်ရာ အကြောင်းအရာ

ဘာသာပြန်များနှင့် တီထွင်ကြံဆသူများအနေဖြင့် ဒေသန္တရဆိုင်ရာ သတင်းအချက်အလက်များအား MediaWiki.org တွင်ရှိသောဒေသန္တရဆိုင်ရာ စာမျက်နှာတွင် ရှာဖွေကြည့်ရှုနိုင်ပါသည်။

သင့်အနေဖြင့် Amir ၏ ဘလော့ဂ်၌ရှိသော အသုံးဝင်နိုင်မည့် မှတ်စုများအား ဖတ်ရှု့ကြည့်နိုင်ပါသည်။

ရေရှည် ဘာသာပြန်ဆိုရေး မဟာဗျူဟာ

ဘာသာပြန်ဆိုခြင်းများအား မည်သို့ မည်ပုံ လုပ်ဆောင်ရမည်ကို ဘာသာပြန်-နည်းဗျူဟာ စာမျက်နှာပေါ်တွင် ဖတ်ရှုကြည့်နိုင်ပြီး မိမိ၏ စိတ်ကူးများကိုလည်း ဆွေးနွေးနိုင်ပါသည်။