ဒုက္ခပေး နှောင့်ယှက်ခြင်းဆိုင်ရာ ညှိနှိုင်းတိုင်ပင်မှု ၂၀၁၅

This page is a translated version of the page Harassment consultation 2015 and the translation is 67% complete.
Outdated translations are marked like this.

"ဒုက္ခပေးနှောင့်ယှက်ခြင်း နှင့် ယဉ်ကျေးရည်မွန်ခြင်း" ဆိုင်ရာ ပြဿနာများသည် အင်တာနက် အသုံးပြုနေသော လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာ ဖြစ်လာသော ကိစ္စရပ်တစ်ခု ဖြစ်ပြီး ဝီကီမီဒီယာ ပရော့ဂျက်များသည်လည်း ခြွင်းချက် မဟုတ်ပါ။ ဝီကီမီီဒီယာ အဖွဲ့အစည်းများတွင် ထိုပြဿနာများကို ဖြေရှင်းရန် ပရော့ဂျက် တစ်ခုချင်းစီ အတွက် နှစ်ပေါင်းများစွာ အဖြေရှာခဲ့သည်။ သို့သော် ထိုပြဿနာမှာ ရေရှည်ဖြေရှင်းရမည့် ပြဿနာမျိုး ဖြစ်သည်။

ဤညှိနှိုင်းတိုင်ပင်မှုမှာ စီစဉ်ထားသော ညှိနှိုင်းတိုင်ပင်မှုများထဲမှ ပထမဆုံးတစ်ခု ဖြစ်ပြီး ဝီကီမီဒီယာ အဖွဲ့အစည်းအတွင်း ဒုက္ခပေးနှောင့်ယှက်မှုဆိုင်ရာ စိန်ခေါ်မှုများ နှင့် ပတ်သက်သော အိုင်ဒီယာများ၊ စိုးရိမ်မကင်း ဖြစ်မှုများ၊ တင်ပြချက်များ နှင့် ဖြစ်နိုင်ခြေရှိသော ဖြေရှင််းမှုများကို ဆွေးနွေးရန် အတွက် နေရာ တစ်ခု အနေနှင့် ပံ့ပိုးကူညီရန် ရည်ရွယ်ခြင်း ဖြစ်သည်။

သင်ဘယ်လို ပါဝင်နိုင်မည်လဲ။

ဤနေရာသည် ဒုက္ခပေးနှောင့်ယှက်မှု တစ်ခုချင်းစီအတွက် တိုင်ကြားရန် နေရာမဟုတ်ပါ။ ထိုသို့ဖြစ်လာပါက သင်၏ ပရော့ဂျက်နှင့် သက်ဆိုင်သည့် ပုံမှန် ဆက်သွယ်နေကျ လမ်းကြောင်းမှ တဆင့် ဆောင်ရွက်ရန် ဖြစ်ပါသည်။ သင့်အနေနှင့် သင်၏ အတွေ့အကြုံများနှင့် ပတ်သက်၍ တင်ပြခြင်းကို လက်ကမ်းကြိုဆိုလျှက် ရှိပြီး အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အမည်များကိုမူ မဖော််ပြရန် လိုအပ်ပါသည်။ အခြား အသုံးပြုသူများ၏ အမည်ကို မဖော်ပြပါနှင့်။ သင်၏ အတွေးများကို ဖော်ပြရာတွင် သို့မဟုတ်် အခြားသူများနှင့် ဆွေးနွေးရာတွင် သူငယ်ချင်းကဲ့သို့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးရန် တိုက်တွန်းလိုပါသည်။

သင်၏ ပရော့ဂျက်နှင့် ပတ်သက်၍ ဒုက္ခပေးနှောင့်ယှက်ခြင်း ဆိုင်ရာ မည်သို့သော ပြဿနာများကို တွေးမိပါသလဲ။ ထိုပြသနာများတွင် အပါအဝင် ဖြစ်နိုင်သည်မှာ-

  • သင်၏ ပရော့ဂျက် သို့မဟုတ် အခြား တစ်နေရာရာနှင့် ပတ်သက်၍ လက်ရှိ လုပ်ဆောင်မှုများကို မည်သို့ လေ့လာသုံးသပ် မိပါသလဲ။ ဘယ်နည်းလမ်းတွေက အလုပ်လုပ်ပြီး ဘယ်နည်းလမ်းတွေက အလုပ်မလုပ်ဘူးလဲဲဲ။
  • ကျွန်ုပ်တို့၏ ပရော့ဂျက်များနှင့် ပတ်သက်ပြီး ပြဿနာများကို ဖြေရှင်းရန် ဖြစ်နိုင်ခြေရှိသော နည်းလမ်း အသစ် သို့မဟုတ် ပိုမိုကောင်းမွန်အောင် ပြုပြင်ထားသော နည်းလမ်းများ။
  • ဒုက္ခပေးနှောင့်ယှက်မှုကြောင့် ဝီကီမီဒီယာ ပရော့ဂျက်များနှင့် ပံ့ပိုးပေးသူများ အပေါ်တွင် ဖြစ်ပေါ်လာနိုင်ခြေရှိသည့် ရိုက်ခတ်မှုများနှင့် ပတ်သက်သော အတွေးများ။

သင်၏ အတွေးဟူသမျှကို လက်ကမ်းကြိုဆိုနေပါသည််။ နောက်ဆုံးတွင် ထိုပြဿနာများနှင့် ပတ်သက်၍ အကူအညီပေးနိုင်ရန် ဤလှုပ်ရှားမှုတစ်ခုလုံးနှင့် သက်ဆိုင်သော အရင်းအမြစ်များကို အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ရန် မျှော်လင့်ပါသည်။

အဖွဲ့အစည်းဆိုင်ရာ အကြံပေး အဖွဲ့၊ ဝီကီမီဒီီယာ ဖောင်ဒေးရှင်း

Further reading

အခြား အိုင်ဒီယာများ

Click here to check for new entries