ESEAP Hub/ဒေသဆိုင်ရာ ကွန်ရက်ဗဟို ဖန်တီးခြင်းအပေါ် ကြေညာချက်ထုတ်ပြန်ခြင်း

This page is a translated version of the page ESEAP Hub/Declaration Statement on the Creation of the Regional Hub and the translation is 100% complete.
Next meeting (virtual): 10 ဒီဇင်ဘာ 2023


ဝီကီမီဒီယာ ESEAP ဒေသဆိုင်ရာ ကွန်ရက်ဗဟို ဖန်တီးခြင်းအပေါ် ကြေညာချက်ထုတ်ပြန်ခြင်း

အောက်တွင် လက်မှတ်ရေးထိုးထားသော ကျွန်ုပ်တို့သည် ဝီကီမီဒီယာလှုပ်ရှားမှု၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များအား အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ကာ အရှေ့၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသတွင် ရှိသော ဝီကီမီဒီယာ အဖွဲ့အစည်းများ၊ နှီးနွယ်အဖွဲ့များနှင့် ဝင်ရောက်ရေးသားသူများအတွက် စုစည်းရာ နေရာအဖြစ် ရည်ရွယ်၍ ဝီကီမီဒီယာ အရှေ့၊ အရှေ့တောင်အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ကွန်ရက်ဗဟို၊ အတိုကောက် ESEAP အား ဖန်တီးခြင်းကို ကြေညာအပ်ပါသည်။

ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်

ကျွန်ုပ်တို့ ကွန်ရက်ဗဟို၏ ရည်ရွယ်ချက်မှာ ESEAP ဒေသတွင်း နေထိုင်သူများအား ဗဟုသုတအားလုံးကို မျှဝေ၍ တွန်းအားပေးနိုင်ရန် ဖြစ်သည်။ ဘာသာစကား၊ ယဉ်ကျေးမှု၊ ပထဝီဝင် နှင့် အချိန်ဇုန်များ မည်သို့ပင် ရှိစေကာမူ အဆိုပါဗဟုသုတများသည် အခမဲ့ဖြစ်ကာ မည်သူမဆို လက်လှမ်းမီနိုင်ပြီး လူတိုင်း ရရှိပါဝင်ပံ့ပိုးပေးနိုင်ရမည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ ဤရည်ရွယ်ချက်အား အထမြောက်နိုင်စေရန်အတွက် အကူအညီပေးမည့် တစ်စုံတစ်ဦးချင်း၊ အဖွဲ့အစည်းချင်းနှင့် ဝီကီပီးဒီးယား၊ ဝီကီဒေတာ၊ ဝီကီမီဒီယာ ကွန်မွန်းစ်၊ ဝီကီရင်းမြစ်နှင့် အခြားသော အခမဲ့ ဗဟုသုတ ရင်းမြစ်များအပါအဝင် ပရောဂျက်များအား ကွန်ရက်ဖန်တီးခြင်းနှင့် ရေရှည်ထိန်းသိမ်းနိုင်ရန် ကျွန်ုပ်တို့ မျှော်လင့်သည်။

ကျွန်ုပ်တို့ ကွန်ရက်ဗဟို၏ မျှော်မှန်းချက်မှာ မည်သူမဆို အခမဲ့ဗဟုသုတများ အလုံးစုံကို ရယူသုံးစွဲနိုင်ယုံသာမက ပါဝင်ပံ့ပိုးပေးနိုင်သော ESEAP ဒေသအား ဖန်တီးရာတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်သည်။ အဆိုပါ ဗဟုသုတများသည် ကောင်းမွန်သော တွန်းအားတစ်ရပ်ဖြစ်ခြင်းကြောင့် လူတို့၏ ဘဝနှင့် လူနေမှုအဖွဲ့အစည်းများအား ပြောင်းလဲနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ တစ်ကမ္ဘာလုံးအား ဗဟုသုတများ မျှဝေရာတွင် တွန်းအားဖြစ်စေသော ပါဝင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အလေ့အထအား တည်ထောင်ရာတွင် တိကျသော၊ ယုံကြည်ရသော၊ အားလုံးပါဝင်နိုင်သော ဗဟုသုတရင်းမြစ်များ ဖွဲ့တည်ခြင်းနှင့် အထောက်အပံ့ပေးနိုင်ရန် ကျွန်ုပ်တို့ ရည်စူးထားသည်။

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်အား ပြည့်မီစေရန်အတွက် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မိတ်ဖက်လက်တွဲခြင်းသည် မည်မျှအရေးပါကြောင်း ကျွန်ုပ်တို့ နားလည်သည်။ မိမိတို့၏ ယုံကြည်ချက်နှင့် ရည်မှန်းချက်များအား မျှဝေမည့်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့တည်းသာ လုပ်ဆောင်သည်ထက် ပိုမိုကြီးမားသော အကျိုးသက်ရောက်မှုနှင့် အောင်မြင်မှု ရရှိနိုင်မည် ဖြစ်သည်။ အများပြည်သူဆိုင်အဖွဲ့အစည်းများ၊ ပညာရေးအဖွဲ့အစည်းများ၊ အကျိုးအမြတ် မယူသော အဖွဲ့အစည်းများနှင့် အခြားသော စိတ်တူကိုယ်တူ အဖွဲ့အစည်းများ သို့ လှုပ်ရှားမှုများ အပါအဝင် အမျိုးမျိုးသော မိတ်ဖက်များနှင့် ခိုင်မာအားကောင်းပြီး အဓိပ္ပာယ်ပြည့်ဝသော ချိတ်ဆက်မှုများ တည်ထောင်ရန် ကျွန်ုပ်တို့ ရည်စူးသည်။

ကျွန်ုပ်တို့သည် တစ်ဦးတစ်ယောက်ချင်းစီ၏ တမူထူးသော အမြင်များနှင့် အတွေ့အကြုံများအား လေးစားကာ အမျိုးမျိုးအထွေထွေ ကွဲပြားခြင်းကိုလည်း တန်ဖိုးထားသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်အား အထမြောက်အောင်မြင်စေရာတွင် ဤမတူကွဲပြားခြင်းသည်လည်း အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ကာ လူတစ်ဦးချင်းစီ၏ နောက်ခံ၊ လက္ခာသွင်ပြင်နှင့် ယုံကြည်မှုများ မည်သို့ပင်ရှိစေကာမူ၊ အားလုံးပါဝင်နိုင်သော၊ လုံခြုံစိတ်ချရသော၊ ကမ်းလင့်ကြိုဆိုသော ပတ်ဝန်းကျင်အား ဖန်တီးမည်ဟု ကျွန်ုပ်တို့ ကတိပြုသည်။

လူမှုတရားမျှတခြင်းနှင့် သာတူညီမျှဖြစ်ခြင်းတို့အတွက် ခိုင်မာသော ယုံကြည်ချက်သည် ကျွန်ုပ်တို့အတွက် တွန်းအားဖြစ်ပြီး အချက်အလက်များအား လက်လှမ်းမီခြင်းသည် အခြေခံလူ့အခွင့်အရေးတစ်ရပ်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ ဒေသတွင်းရှိ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းများအား ဖွံ့ဖြိုးစေရန်နှင့် တိုးတက်စေရန်အပြင် ကျွန်ုပ်တို့၏ တန်ဖိုးထားမှုနှင့် မျှော်မှန်းချက်တူညီသော အသိုင်းအဝိုင်းများအကြား ပူးပေါင်းဆောင်ရွက်ရာတွင် အကူအညီပြုမည်ဟု ကျွန်ုပ်တို့ ကတိပြုသည်။

အခမဲ့လွတ်လပ်သော သတင်းအချက်အလက် လှုပ်ရှားမှုတွင် တွန်းအားတစ်ရပ်ဖြစ်လာစေရန်နှင့် ဗဟုသုတမျှဝေခြင်းနှင့် လက်လှမ်းမီခြင်းတို့၏ အနာဂတ်ကို ပုံဖော်ရန် ကျွန်ုပ်တို့ ရည်စူးသည်။ အတူတကွ ပူးတွဲလုပ်ဆောင်ခြင်းဖြင့် ဒေသတွင်းတွင်သာမက တစ်ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွင် ကောင်းမွန်ရှည်ကြာသော လွှမ်းမိုးမှုရရှိနိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပြီး ဗဟုသုတစွမ်းအားကို စုစည်းချည်နှောင်ခြင်းဖြင့် လူသားအားလုံးအတွက် မျှဝေသော အနာဂတ်တစ်ခု ဖန်တီးရန် ကျွန်ုပ်တို့ ကတိပြုသည်။

အဓိက တန်ဖိုးထားမှုများ

ကျွန်ုပ်တို့၏ လုပ်ဆောင်မှုနှင့် ကျွန်ုပ်တို့၏ ယဉ်ကျေးမှုကို ပုံဖော်ရန် လမ်းညွှန်ပြသသော အဓိက တန်ဖိုးထားမှုများအား ဆုပ်ကိုင်ထားမည်ဟု ကျွန်ုပ်တို့ ကတိပြုသည်။ အဆိုပါတန်ဖိုးထားမှုများသည် ကျွန်ုပ်တို့အား အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မရှိမဖြစ် ဖြစ်ပြီး ကျွန်ုပ်တို့ လုပ်ဆောင်သမျှအား အသိပေးမည် ဖြစ်သည်။

  • ပူးပေါင်းဆောင်ရွက်ခြင်း။ ပူးပေါင်းဆောင်ရွက်ခြင်းသည် အင်အားတစ်ရပ်ဖြစ်ကာ ကြီးမားသော သက်ရောက်မှုနှင့် အောင်မြင်မှုကို ရရှိစေနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းအဖွဲ့ဝင်များနှင့် မိတ်ဖက်များအား အကြံဉာဏ်များ၊ သတင်းအချက်အလက်များ၊ ရင်းမြစ်များ မျှဝေရန်နှင့် အပြန်အလှန် သင်ယူရန် ကျွန်ုပ်တို့ တိုက်တွန်းသည်။
  • ဆန်းသစ်တီထွင်ခြင်း။ အရာအားလုံးတွင် ဆန်းသစ်တီထွင်ခြင်းနှင့် ဖန်တီးနိုင်စွမ်းကို ကျွန်ုပ်တို့ တန်ဖိုးထားသည်။ ကျွန်ုပ်တို့၏ ပန်းတိုင်များကို အောင်မြင်စေရန်နှင့် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းများအား ထောက်ပံ့ပေးနိုင်ရန် သစ်လွင်ပြီး ဆန်းသစ်သော ချဉ်းကပ်မှုများအား ကျွန်ုပ်တို့ အမြဲတမ်း ရှာဖွေလျက်ရှိသည်။
  • ပါဝင်နိုင်ခြင်း။ လူတိုင်းသည် ဗဟုသုတများအား လေ့လာသင်ယူခြင်းနှင့် ပံ့ပိုးပေးနိုင်သော အခွင့်အရေးရှိသလို မတူကွဲပြားခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ပါဝင်နိုင်ခြင်းသည် ကျွန်ုပ်တို့၏ ရည်မှန်းချက် အောင်မြင်မှုအတွက် အရေးပါသည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ ဘာသာစကား၊ တည်နေရာ၊ ယဉ်ကျေးမှု၊ သွင်ပြင်လက္ခဏာ၊ အသက်အရွယ်၊ လှုပ်ရှားမှုအတွင်း အတွေ့အကြုံ သို့မဟုတ် (လေးစားစွာ ဖော်ပြသော) အမြင်များ မည်သို့ပင်ရှိစေကာမူ တစ်ဦးတစ်ယောက်ချင်းစီအား လက်ကမ်းကြိုဆိုကာ ပါဝင်နိုင်ရန်အတွက် ကျွန်ုပ်တို့ ပြုလုပ်သွားမည်။
  • လေးစားခြင်း။ ကျွန်ုပ်တို့သည် အချင်းချင်း လေးစားခြင်း၊ စာနာရိုင်းပင်းခြင်းနှင့် ကြင်နာခြင်းဟူသော နိယာမများအတိုင်း ကျင့်ကြံသွားမည်။ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းအကြားနှင့် ကျွန်ုပ်တို့၏ မိတ်ဖက်များအကြား အမျိုးမျိုးသော အမြင်များနှင့် အတွေ့အကြုံများကို ကျွန်ုပ်တို့ အသိအမှတ် ဆက်ဆံမည်ဖြစ်သည်။
  • ပွင့်လင်းမြင်သာခြင်း။ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများနှင့် ရွေးချယ်မှုများသည် ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ ကျွန်ုပ်တို့၏ လုပ်ငန်းအကြောင်းနှင့် ကျွန်ုပ်တို့၏ အကျိုးလိုလားစိတ်ဝင်စားသူများနှင့် ထိတွေ့ဆက်ဆံခြင်းအတွက် ပွင့်လင်းမြင်သာသော လုပ်ငန်းစဉ်များအတွက် အချက်အလက်များ ဖော်ပြရန် ကျွန်ုပ်တို့ ရည်မှန်းသည်။
  • ပြည့်စုံခြင်း။ ကျွန်ုပ်တို့၏ ကြိုးစားမှုများအားလုံးတွင် ရိုးသားကာ ပြည့်စုံမှုဖြင့် ကျွန်ုပ်တို့ကိုယ်တိုင် ဆောင်ရွက်မည်ဟု ကျွန်ုပ်တို့ ရည်စူးသည်။ ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များ အားလုံးကို မှန်ကန်သော၊ ယုံကြည်ထိုက်သောနှင့် တာဝန်ခံမှုရှိသော လုပ်ဆောင်မှုများဖြစ်စေရန် ကျွန်ုပ်တို့ ကြိုးပမ်းမည်။
  • သက်ရောက်မှု။ တစ်စုံတစ်ဦးချင်းနှင့် ကျွန်ုပ်တို့ ပူးတွဲလုပ်ဆောင်နေသော အသိုင်းအဝိုင်းများအား အပြုသဘောဆောင်သော သက်ရောက်မှုရှိစေရန် ကျွန်ုပ်တို့၏ စုစည်းထားသော ဉာဏ်အမျှော်အမြင်ကို အသုံးပြုမည်ဖြစ်သော လိုအင်ဆန္ဒက ကျွန်ုပ်တို့ကို တွန်းအားပေးသည်။ ကျွန်ုပ်တို့၏ စုစည်းထားသော အားထုတ်လုံ့လတို့၏ အကျိုးရှိခြင်း၊ အချိန်တိုနှင့် အကျိုးများခြင်းနှင့် ရေရှည်တည်တံ့နိုင်ခြင်းကို ရင့်သန်စေရန် ကျွန်ုပ်တို့ မျှော်မှန်းသည်။ ဒေသတွင်း လေ့လာခြင်းယဉ်ကျေးမှုတစ်ရပ်ကို ခွန်အားပေးစေသော ရလဒ်များ (သို့မဟုတ် လုပ်ငန်းစဉ်များ)ကို တိုင်းတာခြင်း (နှင့် မှတ်တမ်းပြုခြင်း)အတွက် နောက်ယောင်ခံခြင်းနှင့် ပြောဆိုဆက်ဆံခြင်းတို့အတွက် စီစဉ်ထားသည်။
  • ရေရှည်တည်တံ့ခြင်း။ ကျွန်ုပ်တို့၏ လုပ်ငန်းများအားလုံးသည် တတ်နိုင်သမျှ ရေရှည်တည်တံ့စေရန် ကျွန်ုပ်တို့ ကြိုးစားကျင့်ကြံသွားမည်။ ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်များအပေါ် ရေရှည်အကျိုးသက်ရောက်မှုအတွက် အပြည့်အဝ တာဝန်ယူကာ ထောက်ပံ့ထားသော ရင်းမြစ်များအား အကျိုးရှိရှိ စီစဉ်အသုံးချရန် ကြိုးပမ်းသွားမည်။

အဆိုပါ အဓိက တန်ဖိုးထားမှုများက ကျွန်ုပ်တို့၏ လုပ်ဆောင်ပုံကို ပုံဖော်ကာနှင့် အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းတို့အပေါ် လမ်းညွှန်မည် ဖြစ်သည်။ အဆိုပါ တန်ဖိုးများအား ကျွန်ုပ်တို့ လိုက်နာကျင့်ကြံသွားမည်ဟု ကတိပြုပြီး ဗဟုသုတများအား လူတိုင်းလက်လှမ်းမီစေရန် လုပ်ဆောင်မည့် ကျွန်ုပ်တို့၏ ရည်မှန်းချက်တွင် ပူးပေါင်းပါဝင်လာမည့်သူများကိုလည်း လှုံ့ဆော်တိုက်တွန်းရန် ကျွန်ုပ်တို့ မျှော်လင့်သည်။

ဗျူဟာလမ်းစဉ်

ကျွန်ုပ်တို့ ကွန်ရက်ဗဟို၏ ဗျူဟာမြောက် ပန်းတိုင်မှာ ESEAP ဒေသအတွင်း အခမဲ့လွတ်လပ်သော ဗဟုသုတ ဝန်းကျင်အဖွဲ့အတွက် မရှိမဖြစ် အခြေခံအဆောက်အဦကို တည်ထောင်ရန်နှင့် ထောက်ပံ့ပေးရန် ဖြစ်သည်။ ဤပန်းတိုင်တွင် ဗဟုသုတများအား အခမဲ့လက်လှမ်းမီစေရန် မြှင့်တင်ရာတွင် ကျွန်ုပ်တို့၏ နှီးနွယ်အဖွဲ့များ၊ အသိုင်းအဝိုင်းများနှင့် ပါဝင်ပံ့ပိုးသူများ၏ လုပ်နိုင်စွမ်းကို မြှင့်တင်ခြင်း၊ ကြီးထွားဖွံ့ဖြိုးလာစေရန် ထောက်ပံ့ခြင်း၊ ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များ အားကောင်းခိုင်မာလာစေခြင်းနှင့် မိတ်ဖက်များနှင့် လုပ်ဆောင်ခြင်းများ ပါဝင်သည်။

ဒေသတွင်းရှိ ဝီကီမီဒီယာ လှုပ်ရှားမှုအတွက် ဗျူဟာမြောက်လမ်းစဉ်ကို ပုံဖော်ရာတွင် ကျွန်ုပ်တို့ ပေးအပ်မြှုပ်နှံထားသည်။ ကျွန်ုပ်တို့၏ ဘုံပန်းတိုင်များ အောင်မြင်မှုရစေရန် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စပ်တူဆောင်ရွက်ခြင်းတို့၏ စွမ်းအားကို ကျွန်ုပ်တို့ ယုံကြည်သည်။ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အသိုင်းအဝိုင်းတွင်းရှိ တစ်ဦးတစ်ယောက်ချင်းနှင့် အားလုံး၏ အမြင်များကို အမြဲတမ်းကိုယ်စားမပြုကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုထားသလို ကျွန်ုပ်တို့၏ ဒေသတွင်း အသိုင်းအဝိုင်းများ၊ အကျိုးလိုလားစိတ်ဝင်စားသူများနှင့် မိတ်ဖက်များအကြား ခိုင်မာပြီး ရေရှည်ချည်နှောင်ထားနိုင်သော ဆက်ဆံရေးကို ဖော်ဆောင်သွားရန် ကျွန်ုပ်တို့ ကတိပြုသည်။

ဤရည်မှန်းချက်များအား ပြီးမြောက်စေရန် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာ အသိုင်းအဝိုင်းများနှင့် အခြားသော စိတ်တူကိုယ်တူအဖွဲ့များအပါအဝင် ကျယ်ပြန့်သော မိတ်ဖက်များနှင့် လုပ်ဆောင်သွားရန် ကျွန်ုပ်တို့ ရည်စူးသည်။ အတူတကွဖြင့် ပိုမိုသိသာထင်ရှားသော ပြောင်းလဲမှုနှင့် လူတိုင်းအတွက် ပိုမိုပွင့်လင်းပြီး လက်လှမ်းမီနိုင်သော ဗဟုသုတဝန်းကျင်တစ်ခုကို တည်ဆောက်နိုင်ရန် ကျွန်ုပ်တို့ ထင်မြင်သည်။

ဗဟုသုတများအား အကန့်အသတ်မရှိ လက်လှမ်းမီခြင်း၊ ပွင့်လင်းခြင်းနှင့် မျှတခြင်းကဲ့သို့သော ဝီကီမီဒီယာ လှုပ်ရှားမှု၏ နိယာမများကိုလည်း ဆုပ်ကိုင်ထားရန် ကျွန်ုပ်တို့ မျှော်လင့်သည်။ ကျွန်ုပ်တို့၏ ဒေသဆိုင်ရာ အသိုင်းအဝိုင်းများနှင့် အကျိုးလိုလားစိတ်ဝင်စားသူများအကြား ယုံကြည်မှုတည်ဆောက်ရာတွင် ပွင့်လင်းခြင်း၊ ရိုးသားခြင်းနှင့် ရည်မွန်သော ဆက်ဆံရေးသည် မည်မျှအရေးကြီးသည်ကို ကျွန်ုပ်တို့ နားလည်သဘောပေါက်သည့်အတွက် ကျွန်ုပ်တို့၏ ဘုံရည်ရွယ်ချက်များဆီသို့ လုပ်ဆောင်ရာတွင် ယင်းတို့အတိုင်းလုပ်ဆောင်ရန် ကျွန်ုပ်တို့ ရည်စူးသည်။

အနှစ်ချုပ်ဆိုရသော် အခမဲ့ဗဟုသုတဝန်းကျင်၏ မရှိမဖြစ် အခြေခံအစိတ်အပိုင်းများကို ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အားကောင်းခိုင်မာလာစေရန် အထောက်အပံ့ပြုသော ခိုင်မာပြီး ရေရှည်တည်တံ့မည့် ဆက်ဆံရေးကို တည်ဆောက်ခြင်းနှင့်ဒေသတွင်းရှိ ဝီကီမီဒီယာ လှုပ်ရှားမှု၏ ဗျူဟာမြောက်လမ်းစဉ်ဆီသို့ မောင်းနှင်ရန် ကျွန်ုပ်တို့၏ အချက်အချာက ရည်စူးသည်။ ကျွန်ုပ်တို့၏ မျှဝေထားသော အကြံဉာဏ်များကို ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် ရုပ်လုံးဖော်ခြင်းသည် အားလုံးအတွက် ပါဝင်နိုင်သော၊ တန်းတူညီမျှသော၊ လုံခြုံသော၊ လက်လှမ်းမီနိုင်သော ဗဟုသုတပတ်ဝန်းကျင်ကို ဖော်ဆောင်နိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။

ကြေညာချက် နိဂုံးချုပ်

ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် ပူးတွဲပါဝင်ခြင်းတို့အတွက် အခွင့်အလမ်းများစွာကို ကျွန်ုပ်တို့၏ ကွန်ရက်ဗဟိုက ထောက်ပံ့ပေးလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်သည်။ အရှေ့၊ အရှေ့တောင် အာရှနှင့် ပစိဖိတ် ဒေသတွင်းရှိ ဝီကီမီဒီယာ အသိုင်းအဝိုင်းများနှင့် ကျွန်ုပ်တို့နှင့် မျှော်မှန်းချက်တူသူ မည်သူမဆို ဤစိတ်လှုပ်ရှားဖွယ်ရာ စွန့်စားမှုအသစ်တွင် ပါဝင်လာရန် ကျွန်ုပ်တို့ ဖိတ်ခေါ်ပါသည်။ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ခြားနားချက်ကို ကျွန်ုပ်တို့ ဆောင်ရွက်နိုင်ပါသည်။

လက်မှတ်ရေးထိုးလျက်၊

  1. WAqil (WMYS) (talk) 07:08, 11 June 2023 (UTC)[reply]
  2. BJ Sinaga (talk) 07:16, 11 June 2023 (UTC)[reply]
  3.  A l p h a m a  Talk 12:43, 11 June 2023 (UTC)[reply]
  4. Gnangarra (talk) 03:18, 13 June 2023 (UTC) - ESEAP IHC[reply]
  5. Ghozi Septiandri (talk) 04:36, 13 June 2023 (UTC) - ESEAP RGC[reply]
  6. --Hakimi97 (talk) 05:47, 13 June 2023 (UTC)[reply]
  7. --YShibata (talk) 07:37, 13 June 2023 (UTC)[reply]
  8. -- Ultron90 (talk) 08:09, 13 June 2023 (UTC)[reply]
  9. Tofeiku (talk) 10:15, 13 June 2023 (UTC)[reply]
  10. RamzyM (talk) 10:37, 13 June 2023 (UTC)[reply]
  11. Kunokuno (talk) 10:54, 13 June 2023 (UTC) on behalf of Wiki Advocates Philippines User Group[reply]
  12. ZI Jony (Talk) 16:22, 13 June 2023 (UTC)[reply]
  13. seav (talk) 17:22, 13 June 2023 (UTC)[reply]
  14. Buszmail (talk) 02:05, 14 June 2023 (UTC)[reply]
  15. Diamantino Soares 11:20, 14 June 2023 (UTC)[reply]
  16. Dody Ismoyo (talk) 02:35, 14 June 2023 (UTC)[reply]
  17. Athikhun.suw (talk) 03:36, 14 June 2023 (UTC)[reply]
  18. Azoma (talk) 03:37, 14 June 2023 (UTC)[reply]
  19. B20180 (talk) 03:38, 14 June 2023 (UTC)[reply]
  20. --J. Patrick Fischer (talk) 03:54, 14 June 2023 (UTC)[reply]
  21. Silverio Araujo 00:30, 20 June 2023 (UTC)
  22. Jessie Mi (talk) 03:55, 14 June 2023 (UTC)[reply]
  23. Josefwintzent Libot (Talk) 07:35, 14 June 2023 (UTC)[reply]
  24. Takot (talk) 13:06, 14 June 2023 (UTC)[reply]
  25. (Sorot20) (talk) 01:32, 15 June (UTC)
  26. Arupako (talk) 19:08, 14 June 2023 (UTC)[reply]
  27. Kizhiya (talk) 22:44, 14 June 2023 (UTC)[reply]
  28. Meursault2004 (talk) 07:08, 15 June 2023 (UTC)[reply]
  29. (Yuchenglinedu (talk) 09:51, 15 June 2023 (UTC)[reply]
  30. Amanda Lawrence (talk)
  31. NinjaStrikers «» 17:07, 15 June 2023 (UTC)[reply]
  32. Ralffralff (talk) 00:55, 16 June 2023 (UTC) on behalf of the Pilipinas Panorama Community[reply]
  33. Lady01v (talk) 13:26, 16 June 2023 (UTC) 00:55, 16 June 2023 (UTC)[reply]
  34. Exec8 (talk) 17:26, 16 June 2023 (UTC)[reply]
  35. Robertsky (talk) 19:36, 16 June 2023 (UTC)[reply]
  36. Arcuscloud (talk) 05:54, 17 June 2023 (UTC)[reply]
  37. Agus Damanik (talk) 22:38, 16 June 2023 (UTC)[reply]
  38. Ilham Mufti Laksono (talk) 23:18, 15 June 2023 (UTC)[reply]
  39. Pru.mitchell (talk) 23:32, 16 June 2023 (UTC)[reply]
  40. Saimawnkham (talk) 23:49, 16 June 2023 (UTC)[reply]
  41. Sam Wilson 00:23, 17 June 2023 (UTC)[reply]
  42. Raflinoer32 (talk) 01:35, 17 June 2023 (UTC)[reply]
  43. Jusan Misolas (talk) 02:42, 17 June 2023 (UTC)[reply]
  44. Do Tri ✓ 💬 04:08, 17 June 2023 (UTC)[reply]
  45. Jp2593 (talk)
  46. Ambrosia10 (talk) 06:07, 17 June 2023 (UTC)[reply]
  47. --*Youngjin (talk) 07:05, 17 June 2023 (UTC)[reply]
  48. Patsagorn Y. (Talk) 07:37, 17 June 2023 (UTC)[reply]
  49. Daphpb (talk) 02:30, 18 June 2023 (UTC)[reply]
  50. Even Barrameda (talk) 02:34, 18 June 2023 (UTC)[reply]
  51. BiancaBrazal (talk) 05:03, 18 June 2023 (UTC)[reply]
  52. Einebillion (talk) 05:20, 18 June 2023 (UTC)[reply]
  53. Marshelec (talk) 05:55, 18 June 2023 (UTC)[reply]
  54. Noracrentiss (talk) 06:10, 18 June 2023 (UTC)[reply]
  55. Pakoire (talk) 11:46, 18 June 2023 (UTC)[reply]
  56. Harditaher (talk) 12:40, 18 June 2023 (UTC)[reply]
  57. Brahmavadini (talk) 13:48, 18 June 2023 (UTC)[reply]
  58. Ilham.nurwansah (talk) 02:17, 19 June 2023 (UTC)[reply]
  59. On behalf of Wikimedia Indonesia, Rachmat (WMID) (talk) 04:59, 19 June 2023 (UTC)[reply]
  60. Tvcccp (talk) 05:47, 19 June 2023 (UTC)[reply]
  61. Bracteantha (talk) 06:23, 19 June 2023 (UTC)[reply]
  62. Jjw (talk) 08:00, 19 June 2023 (UTC)[reply]
  63. Rhythm (talk) 08:17, 19 June 2023 (UTC)[reply]
  64. Angal26 (Angal26) 08:25, 19 June 2023 (UTC)[reply]
  65. Giantflightlessbirds (talk) 20:03, 19 June 2023 (UTC)[reply]
  66. Lea.fakauvea (talk) 21:34, 19 June 2023 (UTC)[reply]
  67. Ballardmaize (Talk) 02:02, 20 June 2023 (UTC)[reply]
  68. Alexander Imig/Ai24 (talk) 06:33, 20 June 2023 (UTC) ]][reply]
  69. Carlojoseph14 (talk) 09:51, 20 June 2023 (UTC)[reply]
  70. MaiaCWilliams (talk) 11:31, 20 June 2023 (UTC)[reply]
  71. Joycewikiwiki (talk) 04:51, 21 June 2023 (UTC)[reply]
  72. Horus (talk) 05:06, 21 June 2023 (UTC)[reply]
  73. Eric LiuTalk 09:13, 21 June 2023 (UTC)[reply]
  74. Friagatewayfinder
  75. AuteWayOfWeaving
  76. Lawrence756 (talk) 11:50, 22 June 2023 (UTC)[reply]
  77. Labdajiwa (talk) 00:30, 23 June 2023 (UTC)[reply]
  78. Teddybear41422 (talk) 01:39, 23 June 2023 (UTC)[reply]
  79. Nhac Ny Talk to me ♥ 09:33, 23 June 2023 (UTC)[reply]
  80. Jeromi Mikhael (talk) 06:51, 29 June 2023 (UTC)[reply]
  81. OraMAAG (talk) 10:01, 29 June 2023 (UTC)[reply]
  82. Johnstad Wanna Talk? 01:30, 4 July 2023 (UTC)[reply]
  83. :JarrahTree (talk) 05:26, 8 July 2023 (UTC)[reply]
  84. Bahnfrend (talk) 06:38, 8 July 2023 (UTC)[reply]
  85. Canley (talk) 06:15, 9 July 2023 (UTC)[reply]
  86. 이강철 (talk) 06:43, 10 July 2023 (UTC)[reply]
  87. Mạnh An (talk) 02:04, 16 July 2023 (UTC)[reply]
  88. Omotecho (talk) 02:53, 16 July 2023 (UTC)[reply]
  89. ThePoisonousDart (talk) 02:51, 24 July 2023 (UTC)[reply]
  90. Filipinayzd (talk) 03:36, 15 August 2023 (UTC)[reply]
  91. Maffeth.opiana (talk) 03:54, 15 August 2023 (UTC)[reply]
  92. Kunirasem (talk) 04:18, 15 August 2023 (UTC)[reply]
  93. Imacat (talk) 09:16, 15 August 2023 (UTC)[reply]
  94. Marife.altabano (talk) 09:19, 15 August 2023 (UTC)[reply]
  95. CMD (talk) 03:09, 19 August 2023 (UTC)[reply]
  96. Firth m (talk) 18:21, 21 August 2023 (UTC)[reply]