မေတာ:အိုင်ပီ ပိတ်ပင်ခြင်းမှ ကင်းလွတ်ခြင်း

This page is a translated version of the page Meta:IP block exemption and the translation is 87% complete.
Outdated translations are marked like this.
Shortcut:
WM:IPBE
ဤစာမျက်နှာသည် မေတာ-ဝီကီရှိ 'ipblock-exemption' ခွင့်ပြုချက်ကို မှတ်တမ်းတင်ထားပြီး ၎င်း အခွင့်အရေး ပေးအပ်ခြင်းနှင့် ဖယ်ရှားခြင်းဆိုင်ရာ လက်ရှိအလေ့အထများကို ဖော်ပြထားသည်။

မိတ်ဆက်

ပုံမှန်အားဖြင့်၊ အိုင်ပီလိပ်စာများ သို့မဟုတ် လိပ်စာအပိုင်းအခြားများအား ရေရှည် ပိတ်ပင်မှုများ သည် လော့ဂ်အင်ဝင်ထားသော အသုံးပြုသူများကို မထိခိုက်စေပါ။ သို့သော် အနှောင့်အယှက်ဖြစ်စေခြင်းအား ကာကွယ်နိုင်ရန်အတွက် ရံဖန်ရံခါတွင် အမည်မသိနှင့် လော့ဂ်အင်ဝင်ထားသော အသုံးပြုသူများကို ပိတ်ဆို့ရန် လိုအပ်သည်။

စီမံခန့်ခွဲသူများသည် ထိုကဲ့သို့သော ပိတ်ပင်မှုများ (Tor ပိတ်ပင်ခြင်းမှလွဲ၍)မှ အမြဲတမ်း ကင်းလွတ်ခွင့်ရရှိထားသည်။ အခြားအသုံးပြုသူများသည် အကြောင်းပြချက်ကောင်း ပြနိုင်လျှင် သုံးစွဲသူတစ်ဦးချင်းစီအလိုက် အိုင်ပီပိတ်ပင်ခြင်းမှ ကင်းလွတ်ခွင့်ကို တောင်းဆိုနိုင်သည်။

အသုံးပြုသူများ၏ ပုံမှန်အိုင်ပီသည် ၎င်းတို့၏ အမှားမဟုတ်ဘဲ ပိတ်ပင်ခံထားသည့်အခါတွင် အိုင်ပီပိတ်ပင်ခြင်းမှ ကင်းလွတ်ခွင့်ဖြင့် အသုံးပြုသူများသည် အနှောက်အယှက်မရှိ တည်းဖြတ်စေနိုင်သည်။ ယင်းသည် တောရ် ကဲ့သို့သော အမည်မသိ ပရောက်စီ မှတစ်ဆင့် တည်းဖြတ်နိုင်ရန်အတွက်လည်း (ခြွင်းချက်အနေဖြင့်) အသုံးပြုနိုင်သည်။

ပရောက်စီများ သို့မဟုတ် အကောင့်အလွဲသုံးစားပြုခြင်း သို့မဟုတ် အခြားအပြုအမူများ အပါအဝင် ဤလမ်းညွှန်ချက်အား ချိုးဖောက်ခြင်းသည် အိုင်ပီပိတ်ပင်မှုမှ ကင်းလွတ်ခြင်း အခွင့်အရေးအား ဖယ်ရှားခံရနိုင်ကြောင်း အိုင်ပီပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ရထားသော အသုံးပြုသူများသည် သတိပြုသင့်သည်။

ကင်းလွတ်ခွင့် တောင်းခံခြင်းနှင့် ပေးအပ်ခြင်း

အိုင်ပီပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ကို နှစ်နေရာတွင် အဓိက အသုံးပြုသည်။။

  • ဖျက်ဆီးမှု သို့မဟုတ် အနှောင့်အယှက်များကို တားဆီးရန် ရည်ရွယ်ထားသော ပိတ်ဆို့ခြင်းကြောင့် ကံမကောင်းစွာဖြင့် ထိခိုက်ခံရသော အသုံးပြုသူအား ဤခွင့်ပြုချက်ကို ပေးအပ်နိုင်ပါသည်။ ထို့နောက် ၎င်းတို့သည် မည်သည့်ဒေသသွင်း အိုင်ပီပိတ်ပင်ခြင်းမှ မထိခိုက်ဘဲ တည်းဖြတ်နိုင်မည်ဖြစ်သည်။
  • အလွန်ထူးခြားသော အခြေအနေများတွင်၊ အသုံးပြုသူတစ်ဦးအား တောရ် သို့မဟုတ် အခြား အမည်မသိပရောက်စီ မှတစ်ဆင့် အမည်ဝှက်ဖြင့် တည်းဖြတ်ရန် ခွင့်ပြုနိုင်သည်။

ပွင့်လင်းပရောက်စီ အသုံးပြုမှုအတွက် ပါ၀င်သော ထပ်ဆောင်းအကာကွယ်များကြောင့် ၎င်းတို့ကို ကွဲပြားစွာ ကိုင်တွယ်သည်။

အိုင်ပီ အပိုင်းအခြားအလိုက် ပိတ်ပင်ခြင်းတစ်ခုကို ကျော်ဖြတ်ရန် အသုံးပြုမှု

အိုင်ပီ အပိုင်းအခြားတစ်ခုအတွင်းမှ ယာယီအကောင့်များနှင့် အကောင့်ပွားများ၏ အဆက်မပြတ်နှောက်ယှက်မှုများအား ကာကွယ်နိုင်ရန်အတွက် အိုင်ပီအပိုင်းအခြားအလိုက် "အထူး"ပိတ်ပင်မှုများကို အသုံးပြုသည်။ ဤအတိုင်းအတာဖြင့် ထိခိုက်ခံရမည့် ယုံကြည်ရလောက်သော တည်းဖြတ်မှုမှတ်တမ်းရှိသော အသုံးပြုသူတစ်ဦးသည် အိုင်ပီအပိုင်းအခြားအလိုက် ပိတ်ပင်ခြင်းမှတစ်ဆင့် အနှောင့်အယှက်ကင်းစွာ တည်းဖြတ်ခွင့်ပြုရန် စီမံခန့်ခွဲရေးဆုံးဖြတ်ချက်ဖြင့် ပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

ပေးအပ်ရန် အခြေအနေ ဟူသည်မှာ-

  • အသုံးပြုသူ၏ ပုံမှန် (ပရောက်စီမဟုတ်သော) အိုင်ပီသည် ၎င်းတို့၏ အမှားအယွင်းမရှိ ပြုပြင်လေ့ရှိသည့် အိုင်ပီအပိုင်းအခြားတစ်ခုပေါ်တွင် ထားရှိထားသည့် အိုင်ပီပိတ်ပင်ခြင်းဖြင့် အနှောင့်အယှက်ဖြစ်မည်ဖြစ်သည်။ (၎င်းကို အလိုအလျောက် ပိတ်ပင်ခြင်း သို့မဟုတ် checkuser မှတဆင့် အတည်ပြုနိုင်သည်)
  • အသုံးပြုသူသည် ပိတ်ဆို့ထားသော အမည်ဝှက်ထားသော ပရောက်စီမှတဆင့် (၎င်းကို စစ်ဆေးနိုင်သည်) တည်းဖြတ်ရန် ကင်းလွတ်ခွင့်ကို မည်သည့်အခါတွင်မှ အလွဲသုံးစားမလုပ်ဟု သဘောတူသည်။
  • ပိတ်ပင်ခြင်း ပြီးဆုံးသောအခါ သို့မဟုတ် အသုံးပြုသူအတွက် ပြဿနာရပ်သွားသောအခါ၊ ကင်းလွတ်ခွင့်ကို မည်သည့်စီမံခန့်ခွဲသူကမဆို ဖယ်ရှားနိုင်သည်။

ထို့အပြင်၊ ခိုင်မာသော အိုင်ပီအပိုင်းအခြားအလိုက် ပိတ်ဆို့ခြင်းကြောင့် သစ္စာရှိအသုံးပြုသူများကို ထိခိုက်ခြင်းမှ ကာကွယ်ရန်အတွက် စီမံခန့်ခွဲသူ (မကြာခဏဆိုသလို စစ်ဆေးသူ) မှ တောင်းဆိုမှုမရှိဘဲ အိုင်ပီ ပိတ်ပင်ခြင်းမှ ကင်းလွတ်ခွင့်ကိုလည်း ပေးအပ်နိုင်သည်။ ဖျက်ဆီးမှုမှ ကာကွယ်ရန်အတွက် ၎င်းတို့၏ အိုင်ပီ အပိုင်းအခြားသို့ ပိတ်ဆို့ခြင်းကို အသုံးချပြီး ၎င်းတို့မှ ကင်းလွတ်ခွင့်ရကြောင်း သုံးစွဲသူအား အသိပေးသင့်သည်။ ဤကဏ္ဍကိုဖတ်ရန် ၎င်းတို့အား ရှင်းလင်းစွာအကြံပြုသင့်ပြီး အထူးသဖြင့် ပိတ်ဆို့ထားသော ပရောက်စီမှတစ်ဆင့် တည်းဖြတ်ရန်အသုံးပြုပါက ဤခွင့်ပြုချက်ကို ဖယ်ရှားနိုင်ကြောင်း သိထားစေရမည်။

ဘယ်သူက တောင်းဆိုနိုင်မလဲ။ – ၎င်းတို့၏ တည်းဖြတ်ခြင်းနှင့် မသက်ဆိုင်သော အိုင်ပီ ပိတ်ပင်ခြင်းကြောင့် သက်ရောက်မှုရှိပြီး ၎င်းတို့ကို အကောင့်ဝင်ထားသည့်အကောင့်ဖြင့် တည်းဖြတ်ခြင်းမှ တားဆီးသည်။
ဘယ်လိုတောင်းဆိုရမလဲမပိတ်ပင်တော့ရန် တောင်းဆိုချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အိုင်ပီ ပိတ်ပင်ခြင်းမှကင်းလွတ်ခွင့်ကို တောင်းဆိုပါ။ သင့်အနေဖြင့် မှတ်ပုံတင်ထားသော အကောင့်မှ မေးမြန်းရမည်။ အိုင်ပီ လိပ်စာ၏ အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာတွင် တင်ထားသော တောင်းဆိုချက်များသည် အလိုအလျောက် ငြင်းပယ်ခံရမည် ဖြစ်သည်။ ဤအခွင့်အရေးကို ပေးဆောင်သူများသည် တစ်ခါတစ်ရံတွင် ပြဿနာကို အတည်ပြုရန် စစ်ဆေးသူနှင့် တိုင်ပင်ရန် လိုအပ်ပေသည်၊ သို့မဟုတ် ကိစ္စနှင့် မရင်းနှီးပါက ဆွေးနွေးရန် တောင်းဆိုချက်ကို စီမံခန့်ခွဲရေးစာရင်း သို့မဟုတ် စာမျက်နှာတွင် ပို့စ်တင်ခြင်းဖြင့် နောက်ထပ်ပြန်လည်သုံးသပ်မှုကို ရယူနိုင်သည်။

အမည်မသိ ပရောက်စီ တည်းဖြတ်ခြင်းအတွက် သုံးသည်

အမည်မသိပရောက်စီမှတစ်ဆင့် တည်းဖြတ်ခြင်းသည် အလွယ်တကူ အလွဲသုံးစားလုပ်နိုင်သောကြောင့် ၎င်းကို ခြွင်းချက်အခြေအနေများတွင်သာ ခွင့်ပြုထားသည်။ ကင်းလွတ်ခွင့်ကို ကျိုးကြောင်းဆီလျော်စွာ တောင်းဆိုနိုင်သည့် အသုံးပြုသူ ဥပမာများအနေဖြင့် စွယ်စုံကျမ်းတွင် ပါဝင်ကူညီနိုင်ကြောင်း ပြသနိုင်သော အသုံးပြုသူများ နှင့် (လက်ရှိအသုံးပြုသူများအတွက်) တရားဝင်သော အနှောက်အယှက်မဖြစ်သော ပံ့ပိုးကူညီမှုမှတ်တမ်းရှိသော်လည်း ကန့်သတ်မှုဖြင့် အဟန့်အတားဖြစ်စေသည့် firewalls သို့မဟုတ် ထူးခြားသောအကြောင်းပြချက်များအတွက် အမည်မသိပရောက်စီများမှတစ်ဆင့် တည်းဖြတ်ရပါမည်။

checkuser သို့မဟုတ် သီးခြား checkusers များကို ရှောင်ရှားခြင်းသည် လက်ခံနိုင်သော အကြောင်းပြချက်မဟုတ်ကြောင်း သတိပြုပါ — checkusers နှင့်ပတ်သက်သော စိုးရိမ်မှုများကို Ombudsman commission နှင့် ဆွေးနွေးသင့်သည်။

ဘယ်သူက တောင်းဆိုနိုင်မလဲ။ – စစ်မှန်ပြီး ခြွင်းချက်မရှိ လိုအပ်သော သုံးစွဲသူတစ်ဦးဖြစ်ပြီး အခွင့်အရေးကို အလွဲသုံးစားမလုပ်ရန် ယုံကြည်ရသော အသုံးပြုသူများ ဖြစ်သည်။
ဘယ်လိုတောင်းဆိုရမလဲcheckuser သို့မဟုတ် ဗျူရိုကရက် တစ်ဦးဆီသို့ အီးမေးလ်ပို့ပါ။

ဖယ်ရှားခြင်း

အိုင်ပီကင်းလွတ်ခွင့်သည် အခွင့်အရေးအား လိုအပ်သူများနှင့် ၎င်းကို အလွဲသုံးစားမလုပ်ရန် ယုံကြည်သောအသုံးပြုသူများကို ပေးထားသည့် အခွင့်အရေးတစ်ခုဖြစ်သည်။ ကင်းလွတ်ခွင့်ကို အကောင့်တစ်ခုမှ ဖယ်ရှားရခြင်း၏ ပုံမှန်အကြောင်းရင်းများ-

  • အခွင့်အရေးအား မလိုအပ်တော့ခြင်း သို့မဟုတ် မလုံလောက်သော အကြောင်းပြချက်ဖြင့် အိုင်ပီပိတ်ပင်ခြင်း ပြီးဆုံးခြင်းနှင့် ထပ်တလဲလဲ မဖြစ်တော့ခြင်း၊ အသုံးပြုသူသည် firewalled မဟုတ်သော အိုင်ပီ မှတဆင့် ဝီကီပီးဒီးယား သို့ဝင်ရောက်ခွင့်ရှိခြင်း၊ အသုံးပြုသူသည် စီမံခန့်ခွဲသူတစ်ဦး ဖြစ်လာခြင်း စသည်တို့ဖြစ်သည်။
  • တောင်းဆိုချက်တွင် မှားယွင်းသောယုံကြည်မှု သို့မဟုတ် လွဲမှားသောဖော်ပြချက်
  • ယုံကြည်ရလောက်သော အထောက်အထားများ သို့မဟုတ် အလွဲသုံးစားပြုမှုဆိုင်ရာ စိုးရိမ်ပူပန်မှု—မရှင်းလင်းသောကိစ္စများတွင် ယူဆချက်မချမှတ်မီ မေးခွန်းများမေးနိုင်သည်။

မည်သည့်ပိတ်ဆို့ခြင်းမဆို (ကင်းလွတ်ခွင့်ကို ထိရောက်စွာ ဖယ်ရှားနိုင်သည်) ကဲ့သို့ပင် စီမံခန့်ခွဲသူတစ်ဦးသည် အခွင့်အရေးကို ဖယ်ရှားနိုင်သည် သို့မဟုတ် အသိုင်းအဝိုင်းမှ ထင်မြင်ယူဆထားသော ပြဿနာများကို ဆွေးနွေးရန် ရှာဖွေနိုင်သည်။ အလွဲသုံးစားပြုမှုရှိလာနိုင်သော အလားအလာကြောင့်၊ အသိုင်းအဝိုင်းမှ ထောက်ခံထားသော အလွဲသုံးစားမှုအပေါ် ယုံကြည်လောက်သော စိုးရိမ်မှုများသည် တစ်ခါတစ်ရံ ဖယ်ရှားရန်အတွက် လုံလောက်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ကိစ္စရပ်တိုင်းတွင်၊ ဖယ်ရှားခြင်းသည် ကြိုတင်ကာကွယ်မှုဖြစ်သင့်ပြီး ပြစ်ဒဏ်ပေးခြင်းမျိုးမဟုတ်ပေ။

အပ်နှင်းခြင်း လမ်းညွှန်ချက်

  • အိုင်ပီပိတ်ပင်ခြင်း ကင်းလွတ်ခွင့်များအားလုံးသည် ပြန်လည်သုံးသပ်ခြင်းနှင့် ပယ်ဖျက်ခြင်းခံရနိုင်သည်။ ယုံကြည်ရလောက်သော အထောက်အထား သို့မဟုတ် အလွဲသုံးစားပြုမှုဆိုင်ရာ စိုးရိမ်မှုများရှိပါက ကင်းလွတ်ခွင့်သည် အများအားဖြင့် ရုပ်သိမ်းခံရနိုင်သည်။ ညံ့ဖျင်းသော ကင်းလွတ်ခွင့်ကို အမြန်ရုတ်သိမ်းမည်ဖြစ်သောကြောင့် စီမံခန့်ခွဲသူများ သံသယရှိပါက ဦးစွာဆွေးနွေးရန် အကြံပြုအပ်ပါသည်။
  • အိုင်ပီ ပိတ်ပင်ခြင်းကင်းလွတ်ခွင့်ကို ထည့်သွင်းစဉ်းစားသည့်အခါ၊ အသုံးပြုသူ၏တည်းဖြတ်မှုမှတ်တမ်းနှင့် သက်ဆိုင်သည့် အလွဲသုံးစားလုပ်သည့်အပိုင်းကို ဆုံးဖြတ်ချက်မချမီ ဂရုတစိုက်ပြန်လည်သုံးသပ်သင့်သည်။

အိုင်ပီပိတ်ပင်ခြင်း ကင်းလွတ်ခွင့်ကို Special:UserRights မှတဆင့် ပေးအပ်ခြင်း၊ ဖယ်ရှားခြင်းများ ပြုလုပ်သည်။ ipblock-exempt အခွင့်အရေးရှိသော အသုံးပြုသူများသည် Special:ListUsers/ipblock-exempt အောက်တွင် အသုံးပြုသူအုပ်စုအဖြစ် မြင်နိုင်ပြီး ပြန်လည်သုံးသပ်နိုင်သည်။ (အသုံးပြုသူသည် စီမံခန့်ခွဲသူဖြစ်ပါက၊ ၎င်းတို့သည် ဤစာရင်းတွင် အများအားဖြင့် ပေါ်လာမည်မဟုတ်ကြောင်း သတိပြုပါ။) ပေးအပ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းအတွက် အကြောင်းရင်းကို သက်ဆိုင်ရာအသုံးပြုသူ၏ အခွင့်အရေးမှတ်တမ်းတွင် ဖော်ပြထားသည်။

နောက်ထပ်ကြည့်ရှုရန်