Template:Community Wishlist Survey/section-voting-phase/my

This page is a translated version of the page Template:Community Wishlist Survey/section-voting-phase and the translation is 100% complete.
 

အဆိုပြုလွှာ အဆင့်ပြီးနောက် ကျွန်ုပ်တို့သည်မဲပေးအဆင့်မစတင်မီအဆိုပြုလွှာများကို ပြန်လည်သုံးသပ်သည်။

တက်ကြွလှုပ်ရှားသူ အားလုံးသည် သူတို့ထောက်ခံလိုသည့် အဆိုပြုချက်များကို ပြန်လည်သုံးသပ်နိုင်သည်။ သင်လိုချင်သလောက် မတူညီသော အဆိုပြုလွှာများ အတွက်မဲပေးနိုင်သည်။ တရားမျှတသောမဲပေးမှုကိုသေချာစေရန်အတွက် မှတ်ပုံတင်ထားသောအသုံးပြုသူများသည်သာမဲပေးနိုင်သည်။ အကောင့်အသစ်များဖြင့်သာမဲပေးနိုင်သည်။

ရေတွက်သည့် တစ်ခုတည်းသော မဲများသည် ပံ့ပိုးမှုမဲဖြစ်သည်။ ဆန္ဒအပြီးသတ် စာရင်းကိုထောက်ခံမဲ အများဆုံးအစဉ် အလိုက်သတ်မှတ်ပေးမည်။ သင်အဆိုပြုသူ ဖြစ်ပါက သင်၏ အဆိုပြုချက်အတွက် ထောက်ခံမဲကို အလိုအလျောက်ရေတွက်သည်။

မည်သို့ပင်ဆိုစေကာမူ မဲဆန္ဒရှင်များအနေဖြင့် သက်ဆိုင်သောဆွေးနွေးမှုများ ပြုလုပ်ရန်အားပေးသည်။ အကယ်၍ သင်သည် ဆန့်ကျင်ခြင်း သို့မဟုတ် ကြားနေမဲကို မှတ်ချက်တစ်ခုပေးလိုပါက ထိုသို့ ပြုလုပ်ရန် လွတ်လပ်စွာရွေးချယ်နိင်သည်။ ဤဆွေးနွေးမှုများသည် လူများအားသူတို့၏ အဆိုပြုလွှာများအတွက် မဲပေးလို၊ မလိုကိုစဉ်းစားရန် ကူညီနိုင်သည်။ ဆွေးနွေးမှုများသည် တစ်နှစ်ပတ်လုံးဖြစ်ပျက် လာမည့်အလုပ်ကို လမ်းညွှန်ရန် အတွက်အသုံးဝင်သော သွင်းအားစုများလည်း ဖြစ်သည်။

စည်းရုံးရေး၏ကျိုးကြောင်းဆီလျော်သော ပမာဏကိုလက်ခံနိုင်သည်။ သင်၏ အကြံဥာဏ်ကို သင်ရောက်ရှိ နိုင်သလောက်များစွာသော လူတို့အားရောင်းရန်အခွင့်အလမ်း သင်၌ရှိသည်။ သင်၏ ပရောဂျက်ရှိသူများ၊ ဝီကီပရိုဂျက် သို့မဟုတ် အသုံးပြုသူအုပ်စုနှင့် အခြားသူများကိုဆက်သွယ်နိင်သည်။ ခြေစွပ်ရုပ်သေးလူတို့အားမဲပေးရန် သို့မဟုတ် ၎င်းတို့၏ ဆန္ဒမဲများကို ပြောင်းလဲရန် အတင်းအကျပ်မပြုလုပ်ရပါ။ သို့သော်စိတ်ရင်းမှန်ဖြင့် မဲပေးပြီးထွက်သွားပါက အဆင်ပြေပါသည်။