ESEAP ကွန်ဖရင့် ၂၀၂၂

This page is a translated version of the page ESEAP Conference 2022 and the translation is 75% complete.
Outdated translations are marked like this.

ESEAP ကွန်ဖရင့် ၂၀၂၂ သည် ESEAP ဒေသတွင်းရှိ ဝီကီမီဒီယာ အသိုင်းအဝိုင်းများအတွက် ဒေသဆိုင်ရာ ကွန်ဖရင့်တစ်ခု ဖြစ်သည်။ ESEAP ဆိုသည်မှာ အရှေ့ အာရှအရှေ့တောင်အာရှနှင့် ပစိဖိတ် ကို ဆိုလိုပါသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ကျင်းပမည်ဖြစ်သော ကွန်ဖရင့်မှာ အဆိုပါ ဝီကီမီဒီယာ အသိုင်းအဝိုင်းအတွက် ဒုတိယမြောက် ဒေသဆိုင်ရာ ကွန်ဖရင့် ဖြစ်သည်။

Group photo on 19 November, 2022

နောက်ခံ

ဝီကီမီဒီယာ အသိုင်းအဝိုင်းအတွင်း အရှေ့၊ အရှေ့တောင်အာရှနှင့် ပစိဖတ် သည် တိုးတက်ဆဲ ဒေသတစ်ခု ဖြစ်ပါသည်။ ဒေသအတွင်းတွင် ဝီကီမီဒီယာ ပါဝင်ပံ့ပိုးသူ အရေအတွက်မှာ သိသာထင်ရှားနေပြီး ၂၀၁၈ ပထမအကြိမ် အစည်းအဝေးပြီးနောက် ဆက်လက်တိုးတက်လာလျက်ရှိကာ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သော လုပ်ငန်းခွင်တစ်ခုအဖြစ် ဆက်လက်ချီတက်နေပါသည်။ ဤကွန်ဖရင့်အနေဖြင့် မတူညီသော ESEAP အသိုင်းအဝိုင်းများမှ တက်ရောက်လာသူများအား အတူအတွ ပူးပေါင်းဆောင်ရွက်ခြင်းတွင် အားကောင်းလာစေရန်နှင့် ဒေသတွင်း ရင်ဆိုင်နေရသော အခက်အခဲများအား ပိုမိုနားလည်လာစေရန်နှင့် ဖြေရှင်းချက်များ ရှာဖွေပေးရန် ဖြစ်သည်။

ကိုဗစ်ကာလနောက်ပိုင်း ပထမဆုံး ဝီကီမေးနီးယား ဖြစ်သည့် ဝီကီမေးနီးယား ၂၀၂၃ ကိုလည်း ESEAP က လက်ခံကျင်းပမည် ဖြစ်ပါသည်။ ၂၀၂၀ တွင် ပြုလုပ်ခဲ့သော နောက်ဆုံး ဝီကီမေးနီးယား ပြီးနောက် ဤကွန်ဖရင့်သည် ကိုဗစ်ကာလနောက်ပိုင်းနှင့် ကမ္ဘာ့ရာသီဥတု သက်ရောက်မှုများအတွက် ဝီကီမေးနီးယားအား ဒီဇိုင်းဆွဲရာတွင် ကူညီရန်အတွက် ဝီကီမေးနီးယား ၂၀၂၃ အဓိက စီစဉ်သူအဖွဲ့အနေဖြင့် အတူတကွဖြစ်စေရန် ရည်ရွယ်ပါသည်။

နောက်ဆုံးကျင်းပခဲ့သော ESEAP ဒေသဆိုင်ရာ အစည်းအဝေးကို ဝီကီမီဒီယာ အင်ဒိုနီးရှားမှ ၂၀၁၈ ခုနှစ်တွင် ဘာလီ၌ လက်ခံကျင်းပခဲ့ပြီး ESEAP နည်းဗျူဟာ ညီလာခံကို ၂၀၁၉ ခုနှစ် ဇွန်လတွင် ဘန်ကောက်မြို့တွင် အောင်မြင်စွာ ပြုလုပ်ခဲ့သည်။ ထိုအချိန်မှစ၍ အပြောင်းအလဲများစွာ ဖြစ်ခဲ့ပြီး စိတ်ကူးအကြံဉာဏ်များ မျှဝေရန်နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ရန်အတွက် ESEAP ဒေသအတွင်း ဝီကီမီဒီယာ လှုပ်ရှားမှုများတွင် လူထုအား ပြန်လည်ပေါင်းကူးဆက်သွယ်ပေးရန် ကျွန်ုပ်တို့ ရည်ရွယ်ပါသည်။

စုံစမ်းလိုပါက eseap.conf@wikimedia.org.au သို့ ဆက်သွယ်နိုင်ပါသည်။


ESEAP Conferences and Summits
20182019202220232024