User language
my-N ဤအသုံးပြုသူသည် မြန်မာဘာသာ အပေါ်တွင် ဒေသခံအဆင့် ကျွမ်းကျင်စွာ နားလည်သည်။
en-1 This user has basic knowledge of English.
ru-3 Этот участник свободно владеет русским языком.
Wikimedia project family logos
Wikimedia project family logos
NayiMuu is this user's
unique login
for all Wikimedia projects.
Users by language

This user has a page on Wikimedia Commons.

This user has an account and contributes to translatewiki.net.
This user is a member of the Small Wiki Monitoring Team.
17,000+This user has made over 17,000 contributions to Wikimedia projects.
This user contributes to Asian Month.


"နာမည်"

ကျွန်တော့်သားက မေးတယ်။

ကြယ်တွေမှာ

နာမည်ရှိသလား ဖေဖေ" တဲ့။

မြစ်ကမ်းနဖူးမှာ

ထိုင်တဲ့ည

သားက

ကောင်းကင်ကို ငုံ့ကြည့်နေတယ်။

ကျွန်တော်က

ကြယ်တွေ တလက်လက်ထ

ရေစီးထဲ ငေးလို့။

အေး ... မတော်တဲ့ ကြယ်တွေမှာ

နာမည်မရှိဘူး

တော်တဲ့ ကြယ်တွေကျတော့

..........

...........

...........

အဲ့ဒီလို

ကြယ်တစ်လုံးချင်းစီရဲ့ နာမည်

ကျွန်တော်ပြောပြ။

ဖေဖေ ဒါဆိုရင်

ကမ္ဘာပေါ်မှာ

သားနာမည်နဲ့ကြယ်လည်း

ရှိမှာပေါ့နော်

ကျွန်တော့်သားကို ပြုံးကြည့်ခေါင်းညိတ်ပြတော့

သားက ပျော်သွားပြီး

ကျွန်တော့မျက်လုံးထဲမှာ

သူ့နာမည်နဲ့ကြယ်ကို ရှာတွေ့သွားတယ်။

သားက ဖအေထက်

ပိုပြီးတော်ရမယ် မဟုတ်လား။

ကျွန်တော်က သားကိုထမ်းလို့

ကျွန်တော့ကို မြစ်ကမ်းပါးကထမ်းလို့

အိမ်ပြန်လာတဲ့လမ်းမှာ

ခေတ်ကလည်း စီးတုန်းပါ။

ဖအေနဲ့သား

လွမ်းမိတဲ့ တရားမှာ

နာမည်တွေလည်း စီးဆင်းနေတုန်းပေါ့။ ။

နာမည်" - အောင်ဝေး ("လရောင်တစ်ခြမ်း" စာအုပ်မှ)