ESEAP ကွန်ဖရင့် ၂၀၂၂/ခရီးသွားလမ်းညွှန်

This page is a translated version of the page ESEAP Conference 2022/Travel guide and the translation is 100% complete.

Wikivoyage တွင် ဆစ်ဒနီနှင့် ပတ်သက်သော အသေးစိတ် ခရီးသွားလမ်းညွှန် ရှိပါသည်။ မြို့နှင့် ပတ်သက်၍ ပိုမိုနားလည်နိုင်စေရန်အတွက် ဝီကီပီးဒီးယားရှိ ဤဆောင်းပါးကို ရည်ညွှန်းနိုင်ပါသည်။

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီအကြောင်း အချက်အလက်များ
အခေါ်အဝေါ် Sydneysider
Australian
အချိန်ဇုန် UTC+11 (နိုဝင်ဘာတွင် AEDT)
ဆစ်ဒနီနေ့လယ် ၂ နာရီအား သင့်အချိန်ဇုန်သို့ ပြောင်းလဲရန်
ရုံးသုံး ဘာသာစကား (ဩစတြေးလျ) အင်္ဂလိပ်
ထင်ရှားသော ကိုးကွယ်မှု ခရစ်ယာန်
ငွေကြေး ဒေါ်လာ (AUD / $)
US$ ၁.၀၀ = AU$ ၁.၄၆
၂၀၂၂၊ ဇူလိုင် ၁၀ ရက် အရ (နောက်ဆုံး ငွေလဲလှယ်နှုန်း စစ်ဆေးရန်)
ရာသီဥတု ပူနွေးစွတ်စိုသော သမပိုင်း ရာသီဥတု
နွေဦး (နိုဝင်ဘာ)
ပျမ်းမျှ မိုးရွာသွန်းမှု = ၄၇ မီလီမီတာ/လ
စိုထိုင်းဆ = ၅၆%
ပျမ်းမျှ အမြင့်ဆုံး အပူချိန် = ၂၄ °C
ပျမ်းမျှ အပူချိန် = ၂၀.၄ °C
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် = ၁၄ °C
မီးပလပ် အမျိုးအစား Type I
(ဩစတြေးလျနှင့် နယူးဇီလန် အတွက်)

မီးအား = ၂၃၀ ဗို့/ ၅၀ ဟက်ဇ်
ယာဉ်ကြောစနစ် လက်ဝဲ
နိုင်ငံကုဒ် +61
ဧရိယာကုဒ် = ၀၂ (ဆစ်ဒနီ)
လေဆိပ်များ ဆစ်ဒနီ ကင်းစ်ဖို့ဒ် စမစ် လေဆိပ် (SYD)
လူဦးရေ ၅,၂၃၁,၁၄၇ (၂၀၂၁ သန်းခေါင်စာရင်း)
သိပ်သည်းမှု = ၄၃၃/စတုရန်းကီလိုမီတာ (၂၀၂၁)
စုစုပေါင်း ကုန်းမြေဧရိယာ ၁၂,၃၆၇.၇ စတုရန်း ကီလိုမီတာ
စီးနင်းယာဉ်/ မျှဝေစီးနင်း အူဘာ, အိုလာ, ဒီဒီ, ဘော့တ်, ရှီဘား, ဂိုးကတ်ချ်
ထင်ရှားသော မိုဘိုင်း / အင်တာနက် တယ်စထွာ
အော့ပက်စ်
ဗိုဒါဖုန်း (တီပီဂျီ တယ်လီကွန်း)
အရေးပေါ် ဖုန်းနံပါတ် ၁၁၂ (မိုဘိုင်း)
၀၀၀ (စားပွဲတင်ဖုန်း)

အကောက်ခွန်နှင့် ကြေညာခြင်းများ

ဆိုးရွားသော ရောဂါများနှင့် ပိုးမွှားများ နိုင်ငံတွင်းသို့ ရောက်ရှိစေခြင်း၊ တန်ဖိုးရှိသော စိုက်ပျိုးရေးစနစ်နှင့် ခရီးသွားလုပ်ငန်းများ ပျက်သုန်းခြင်းနှင့် ယင်းတို့၏ သဘာဝပတ်ဝန်းကျင်များ ထိခိုက်စေခြင်းတို့အား ကာကွယ်နိုင်စေရန်အတွက် ဩစတြေးလျနိုင်ငံသည် နိုင်ငံခြားမှ အစားအစာများ၊ အပင်ပစ္စည်းများနှင့် တိရစ္ဆာန်ထွက် ပစ္စည်းများအား နိုင်ငံတွင်းသို့ တင်သွင်းခြင်းနှင့် ပတ်သက်၍ တင်းကြပ်သော ဇီဝလုံခြုံရေးဥပဒေများ ထားရှိပါသည်။

တားမြစ်ထားသော ပစ္စည်းများနှင့် ကြိုတင်ကြေညာရန် လိုအပ်သော ပစ္စည်းများ စာရင်းအတွက် ကျေးဇူးပြု၍ ဩစတြေးလျ နယ်စပ်တပ်ဖွဲ့ ဝဘ်ဆိုဒ်တွင် ကြည့်ပါ။

ဆစ်ဒနီမြို့ မြေပုံ

Map
ဆစ်ဒနီမြို့မြေပုံ။ ကွန်ဖရင့်ခန်းမအား ပင်ထိုးပြထားသည်။